လူ့လောကသည် လူလူချင်းဖြစ်ပေမယ့် မတူကွဲပြားတဲ့အရာတွေအများကြီးရှိနေပါတယ်။ မတူကွဲပြားတဲ့
အရာတွေ ထဲမှာ ထိတွေ့ကိုင်တွယ်လို့မရတဲ့ “အချစ်” ဆိုတဲ့အရာတခုကို ဖော်ပြစေချင်ပါတယ်။ အထူးသဖြင့်
ဆယ်ကျော်သက်လူငယ်တွေအတွက်ဆို မမှားလောက်ပါဘူး။ အချစ်ကြောင်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကာလနှစ်ခု ခွဲပြောရမှာဖြစ်ပါတယ်။ အဲဒါဘာလဲဆိုတော့ အချစ်တန်ဘိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ရေးရခြင်းအကြောင်းအရင်းကတော့ “ခေတ်ဟာ တခေတ်နှင့်တခေတ်” မတူညီသလို ချစ်တတ်သူအဖို့ သူတို့ရဲ့ ခံစားချက်တွေကိုလည်း အမျိုးမျိုးပြောင်းလဲလာကြတယ်။ ခေတ်တိုးတက်နေသလို အချစ်ဟာလည်း ပြောင်းလဲမှုတွေရှိလာတယ်။ လွန်ခဲ့တဲ့ရာစုနှစ်က လူတွေကအချစ်ကို တန်ဖိုးထားကြတယ်။ အချစ်ကိုမြတ်မြတ်နိုးနိုးတန်ဘိုးထားကြတယ်။ သစ္စာရှိကြတယ်။ ယုံကြည်မှု တွေအပြည့်အ၀ရှိကြတယ်။ ကျွန်တော်က အသက် (၇၀) ကျော်အဖိုးကြီးတယောက်မေးခဲ့ဖူးပါတယ်။ အဖိုးတို့ခေတ်တုန်းက လူငယ်တွေ တယောက်နှင့်တယောက်ချစ်ကြကြိုက်ကြတာ အခုခေတ်လူငယ်တွေနဲ့ ဘယ်လိုကွာခြားသလဲလို့မေးတော့ “အဖိုးက ဆေးတံကိုကောက်ကိုင်ရင်း ပြုံးပြလိုက်ပါတယ်။ အဖိုးတို့ခေတ်တုန်းက လူငယ်တွေက အချစ်ဟာ သစ္စာပဲတဲ့ သစ္စာမစောင့်ထိန်းရင် အချစ်စစ်မဟုတ်ဘူး။ ကျွန်တော်တို့က မိန်ကလေးတယောက်ကိုချစ်ရင် “တယောက်ဆိုတယောက်ပန်းတောက်ဆိုပန်းတောက်”ပဲတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ခေတ်တုန်းကလူတွေဒီလောက်မများဘူး၊ သနားကြင်နာမှုလည်းရှိကြတယ်။ အာဃာတ တွေတယောက်နဲ့တယောမထားတတ်ကြဘူး။ ရိုးသားမှုကိုအဓိကထားကြတယ်။ မိန်ကလေးတွေကလည်း ယောက်ျားအပေါ်တော်တော်လေးကို သစ္စာစောင့်ထိန်းကြတယ်။” အရေးကြီးတယ် ဘာဖြစ်လဲဆိုတော့ မိန်ကလေးဟာ ပဲကိုင်ရှင်ပဲ၊ လှေဟာပဲကိုင်မရှိရင် ဦးတည်ရာမဲ့သွားပြီးမြစ်လယ်ခေါင်တ၀ဲလည်လည်ဖြစ်ဖို့များတယ်၊ အခုခေတ်လူငယ်တွေဟာ များသောအားဖြင့်အချစ်ကိုတန်ဖိုးမထားတတ်ကြဘူး။ အချစ်ရဲ့အနှစ်သာရကိုလည်းနားမလည်ကြဘူး။ တချို့လူငယ်တွေက ပျော်သလိုချစ်ကြ ဖြစ်သလိုဖြတ်ကြ တာကို ဒုနဲ့ဒေးပါ။လွန်ခဲတဲ့တလက ခေတ်လူငယ်တယောက်ကပြောဖူးတယ်“အချစ်ဟာပျော်ရွင်မှုပဲ၊ ငွေရှိရင်အချစ်ဟာပေါမှပေါ၊ အချစ်ဟာအတိုင်းအတာနဲ့လိုချင်လား၊ တလအချစ်လား၊ ဆန်တပုံးကုန်အချစ်လား၊ တနှစ်အတွက်ချစ်ဖို့လား။ငွေရှိရင် အချစ်ဆိုတာလွယ်လွယ်ပဲ” ဟုပြေခဲ့ဖူးပါသည်။ ဒါပေမယ့် နောက်ဖြစ်လာနိုင်မည့်နောင်ဆက်တွဲ အကြောင်းအရာတွေကိုတော့သူတို့မစဉ်းစားမိကြဘူး။ ခေတ်တိုးတက်လာလို့ပဲသူတို့သိကြတယ်၊ ရောဂါတိုးတက်လာတာကိုတော့သူတို့မသိကြဘူး၊ တွေလည်းတအချစ်ဟာလူတွေက အဓိပါယ်အမျိုးမျိုးယူဆကြတယ်။ တချို့က ပေးဆပ်ခြင်း၊ ရယူခြင်း လို့ပြောနေကြတယ်။ တကယ်တမ်းတော့ အချစ်ဟာကြည်နူးမှုနောက်ကွယ်မှ သဘောတူညီမှုကိုရယူကြတယ်။ အဲဒီနောက် အချစ်ရှင်သန်ဖို့အတွက်လည်း “နားလည်မှုနှင့်ခွင့်လွတ်မှု” ကိုတည်ဆောက်ခဲ့ကြရတယ်။ နားလည်မှုနှင့်ခွင့်လွတ်မှုမရှိတဲ့အချစ်ဟာ ရှင်းလင်းအောင်ဖော်ပြရမည်ဆိုလျှင် အချစ်ဟာခံယူသူနှစ်ဦးနှစ်ဘက်သဘောကိုဖလှယ်တာပါ။ သဘောတူညီမှုရယူခြင်းတဲ့သဘောပါ။ သဘောတူညီမှုမရှိလျှင် အချစ်ကိုလည်းတည်ဆောက်ဖို့လွယ်ကူမှာမဟုတ်ဘူး။ ဘ၀မှာ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် သစ္စာရှိရှိနဲ့ တယောက်နဲ့တယောက် ချစ်နိုင်ပါစေလို့ဆနဒ ပြုလိုက်ပါသည်။
Tuesday, February 9, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment